လိုရာပို့ အနေဖြင့် USA ရှိ နာမည်ကြီး websiteများမှ ကုန်ပစ္စည်းများ၊ အလှကုန်၊ ဆေးဝါး၊ လူသုံးပစ္စည်းများအား ဝယ်ယူပေးလျက်ရှိပါသည်။
အခြားနိုင်ငံအသီးသီးမှ ကုန်ပစ္စည်းများအားလဲ ဝယ်ယူပြီး သယ်ယူပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
USA မှ ကုန်ပစ္စည်းများအား ဝယ်ယူပေးရာတွင် ပစ္စည်းတန်ဖိုးနှင့် ဝန်ဆောင်ခအား ဦးစွာ ပေးချေရမည်ဖြစ်ပြီး သယ်ယူခနှုန်းထားကိုတော့ မှာယူထားသောပစ္စည်းများ ရန်ကုန်ရုံးသို့ ရောက်မှသာလျှင် ပေးချေရမည်ဖြစ်ပါသည်။
လိုရာပို့ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ FDA ခွင့်ပြုချက်ရှိ စားသောက်ကုန်များ၊ ထုတ်ကုန်များကို ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ဝယ်ယူခ အခမဲ့ဖြင့် ဝယ်ယူပေးပြီး လိုရာသို့ ပို့ဆောင်ပေးပါသည်။
ပစ္စည်းတန်ဖိုးအား အရင်ပေးချေရမည်ဖြစ်ပြီး ပစ္စည်းတန်ဖိုးနှင့် သယ်ယူခအားလုံးပေးချေပြီးမှသာ ပေးပို့စေလိုသော နိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။